
UV ကိုကာကွယ်နိုင်သော(SPFပါသော) Product ကိုဘာကြောင့်သုံးသင့် သလဲ
အသားရေလှပပြီး နုပျိုချင်တာကတော့ မိန်းလေးတိုင်းရဲ့စိတ်ကူးလေးတစ်ခုပါပဲ။ အသားရေလှပပြီး နှပျိုဖို့အဓိကဂရုစိုက်ရမည့် အချက်ကတော့ UV ကိုပိုင်ပိုင်နိုင်နိုင်ကာကွယ်နိုင်ဖို့ပါပဲ။
UV ကိုကာကွယ်နိုင်သော( SPF ပါသော) Product ကိုဘာကြောင့်သုံးသင့် သလဲဆိုတာကတော့ ခရမ်းလွန်ရောင်ခြည်( UVA, UVB) သည် သင့်၏အရေပြား ရေဓာတ်များကို လွယ်ကူစွာ ကုန်ခမ်းစေပြီး အသားရေတွန့်ခြင်း၊ ချွေးပေါက်ကျယ်ခြင်း၊ တင်းတိတ်ဖြစ်ခြင်း၊ ဝတ်ခြံဖြစ်ခြင်း စသော အရေပြားပြဿနာများကိုဖြစ်စေတဲ့ အတွက်ကြောင့်ဖြစ်သည်။
ခရမ်းလွန်ရောင်ခြည်ကဘယ်လောက်ထိအရေအပြားကိုပျက်စီးစေနိုင်လဲဆိုတာကို 2012 The New England Journal of Medicine မှ ထုတ်ဖော်ပြခဲ့သော American Truck Driver ၏အကြောင်းကို လေ့လာခြင်းဖြင့်သိရှိနိုင်ပါသည်။
ဒီTruck Driver၏ ဘယ်ဖက်မျက်နာသည် ကားမောင်းသက်တမ်း 28 နှစ်တစ်လျှောက်လုံး ကားပြတင်းပေါက်နှင့် နီးကပ်နေသောကြောင့် ခရမ်းလွန်ရောင်ခြည်၏ ဒဏ်ကိုပိုမိုခံစားရပြီး နှစ်ပေါင်းများစွာကြာသောအခါ ဘယ်ဖက်မျက်နာ၏ ညီညွတ်မူသည် ညာဖက်မျက်နှာနှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားစွာ ကွဲပြားခြားနားနေသည်ကို တွေ့ ရှိရသည်။
Photo credit: Unilateral Dermatoheliosis Jennifer R.S. Gordon, M.D., and Joaquin C. Brieva, M.D..N Engl J Med2012;366:e25
ခရမ်းလွန်ရောင်ခြည်သည် နေရောင်မှာသာမက အိမ်တွင်းရှိ ဖန်ချောင်းမှာလည်း ရှိသည်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်( UVA, UVB) ကိုကာကွယ်နိုင်ရန် SPF ပါသော ပစ္စည်းကိုနေ့စဉ်နေ့တိုင် ညအိပ်ချိန်က လွှဲ၍ အသုံးပြုသင့်ပါသည်။
Oil Free Long Lasting Primer SPF 35**
Perfect Essence Sunscreen SPF50**
Matte Cushion SPF 40**
BEAUTYMAKER ရဲSPF အပြည့်ပါတဲ့ Oil free long lasting Primer, Perfect Essence Sunscreen, Oil Free Matt Cushion လေးတွေနဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပြီး အသားရေ၏အလှကို ထိန်းသိမ်းနိုင်ပါသည်။
ခရမ်းလွန်ရောင်ခြည်ကို အစဉ်အမြဲကာကွယ်ထားပြီး သင့်၏ နုပျိုမှုကို ထိန်းတိမ်းလိုက်ပါ။
Make your beauty with BEAUTYMAKER!!!